လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာ၌ (၁၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျနိုင်သည့်အခြေအနေကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၅၄,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၅၄,၆၀၀) ကျပ်တိတိအား (၁၃-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)