Category Archives: News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တင်းတမ်ရံကျေးရွာအုပ်စု၊ တင်းတိမ်ရံကျေးရွာ၊ မရိုး ကုန်းကျေးရွာ၊ စပ်သီးခိုးကျေးရွာ၊ အုန်းခြံကျေးရွာ၊ မုံရွေးကျေးရွာနှင့် တင်းတိမ်ရံဈေးတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများဖြင့်Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ကွက်ပြင်ကျေးရွာ၌(၂၄-၈- ၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ (၃၄၇၅၃/-) ကျပ်အား (၂၆-၈-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ် အတွင်းရှိကလော့ကျေးရွာနှင့် ကမနင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်း ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံ ချဲ့စက်တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၁)(၂)(၃)(၄)ရပ်ကွက်တို့တွင် hand speaker၊ လော်စပီကာတို့ဖြင့် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့်ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့အသိပညာပေးလှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #tny_aug2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသောလုပ်ငန်းများတွင် ဥပဒေအထောက်အကူပေးရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်မှုသတင်း
ဩဂုတ် ၂၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်းများတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေ အထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လာရောက် ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က စာအုပ်များပေးအပ်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားရာတွင် မိမိတို့ အဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာအထောက်အကူ လိုအပ်သော ပြည်သူများအတွက် အခမဲ့ရှေ့နေလိုက် … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာနှင့်သောင်ပြင်ကျေးရွာတို့တွင် (COVID-19) ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု(၈)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-) ကျပ် စုစုပေါင်း (၈၃၃၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၆-၈-၂၀၂၀)ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အတူပူးပေါင်း၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ စာကြည့်တိုက်တွင် အများပြည်သူများ လေ့လာနိုင်ရန်အတွက် သဘာ၀ဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြေပြိုဘေး အသိပညာပေး ဗီနိုင်းပိုစတာ (၁) ချပ် တို့အားသွားရောက် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_aug2020
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၈.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ရပ်ကွက်(၁၀)နှင့် မြို့မစျေး၊ ဘူတာစျေးတို့၌ Covid-19 ကူးစက်မှုမဖြစ်ပွား စေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောကျေးရွာနှင့် ကုလားမချောင်ကျေးရွာတို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့်နီးကပ်သည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၁၃)လုံး၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ (၇၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၁၅၉၆၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၄၅၉၆၀၀)အား (၂၆-၈-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: … Read more









