လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၁)(၂)(၃)(၄)ရပ်ကွက်တို့တွင် hand speaker၊ လော်စပီကာတို့ဖြင့် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့်ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့အသိပညာပေးလှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်း ရရှိပါသည်။
#ar
#tny_aug2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)