ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု(၈)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ် နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-) ကျပ် စုစုပေါင်း (၈၃၃၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၆-၈-၂၀၂၀)ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_aug2020

Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events