
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အတူပူးပေါင်း၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ စာကြည့်တိုက်တွင် အများပြည်သူများ လေ့လာနိုင်ရန်အတွက် သဘာ၀ဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြေပြိုဘေး အသိပညာပေး ဗီနိုင်းပိုစတာ (၁) ချပ် တို့အားသွားရောက် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_aug2020