Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ (၂၇.၈.၂၀၂၀)နေ့တွင် ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာ၊ အဖြူရောင်တွဲလက်များပရဟိတ အသင်းနှင့်ပူးပေါင်း၍ မီးလောင်အော် ရေချို ပြင်း ငယ် ရှပ်ပုံ သမုတ်တောင် တံမျှားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ အောင်းကုန်း၊ အင်ကပင်၊ သဲကော၊ ရွာဟောင်းကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များကို လှည့်လည်၍ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်မြို့၊ ဆံတော် ရပ်ကွက်၌ (၂၇-၈-၂၀၂၀) ရက်နေ့၊ (၀၂:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ပြီး ကုက္ကိုပင်ပြိုလဲမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အား (၂၇-၈-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိမာလာရပ်ကွပ်နှင့် သီရိဇေယျာရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရေဘေးအသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့နယ်အတွင်းရှိ ရွှေဒါးကျကျေးရွာ၊ ကျီကုန်းကျေးရွာ၊ ခင်မွန်ကျေးရွာ၊ မြေနဲ ကျေးရွာ၊ ဘုမ္မနိုးကျေးရွာများရှိ မိဘပြည်သူများအား COVID-19 အသိပညာပေးခြင်း၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် လဟယ်မြို့နယ်၊ လုံခင်ကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်းစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို နှိုးဆော်အသိပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းအုပ်စု၊ ညောင်ပင်စောက် ကျေးရွာ၊ ဒိုးပင်ကျေးရွာနှင့် တောင်ကိုင်းကျေးရွာတို့တွင် (Covid-19) ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများနေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ ပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_aug2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့၊ (၁၆း၀၀)နာရီမှစ၍ ခန္တီးမြို့နယ်၊ ပေါမိုင်းရပ်ကွက်၊ သာစည်နှင့် အောင်သာကျေးရွာ တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို နှိုးဆော်အသိပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)တို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင် ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: … Read more









