Category Archives: News
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀) ရက်နေ့၊ နံနက် ၈ နာရီမှ ၁၂နာရီအထိ လူမှုရေးအသင်းအဖွဲ့များ Volunteer အဖွဲ့ဝင်များနှင့်အတူ Covid19 ကူးစက်ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကလေး မြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း(၂၀) ခုတွင် ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
lDPsစခန်းများရှိ ပြည်သူများအတွက် (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ပန်ကူ အိမ်ထောင်စု (၁၀၅)၊ လူဦးရေ (၆၃၆) ဦးအတွက် ထုံး(၁၀)အိတ်နှုန်း၊လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် စုစုပေါင်းထုံး (၁၀)အိတ်၊ လက်ဆေးဆပ်ပြာ(၆၃၆)တောင့် ဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ကွင်းကလေးကျေးရွာ၊ အင်းဝကျေးရွာနှင့် ဝင်းပြန်ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_aug2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀)ရက်နေ့ တနင်္သာရီ မြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာ၊ ဒူးကျိုးကျေးရွာ ၊ ဆန်းသစ်ကျေးရွာများတွင် covid-19 အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ရေဘေး၊ မြေပြိုဘေး သဘာဝဘေး အသိပညာပေးခြင်းတို့ကို နံနက် (၇:၀၀) နာရီမှ (၁၂:၀၀)အထိ မြို့နယ် ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၂၉-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီချိန်မှ (၁၂:၀၀) နာရီချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ရွာဗုကြီးကျေးရွာ၊ ကြို့ထိမ်းကျေးရွာ၊ ပေကုံးကျေးရွာနှင့် စီးမကျေးရွာတို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fld #sgg_aug2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကယ်ဆယ်ရေးစခန်း(၈) ခုတွင် ရေဘေး ရှောင်အိမ်ထောင်စု (၄၈၉) စု လူဦးရေ(၂၃၀၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ ငွေ (၄,၈၃၈,၄၀၀/-) ကျပ်၊ surgical mask(၂၃၀၄) ခု၊ ဂေါ်ဇီလာဆပ်ပြာ(၄၈၉) တောင့်နှင့် ခေါက်ဆွဲခြောက်(၄၈၉၀) ထုပ်တို့ကို ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ပြည်သူလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_aug2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ကြီးမှုကြောင့် ရပ်ကွက်(၁) ရပ်ကွက်၊ ကျေးရွာ (၁၆) ကျေးရွာတို့မှ (၂၁-၈-၂၀၂၀) နေ့မှ(၂၅-၈-၂၀၂၀) နေ့အထိ ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၄၆၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၇၆,၅၀၀/-) ကျပ်၊ ဆပ်ပြာ (၁၁၅) တောင့်၊ Surgical mask (၉၃၀) ခုနှင့် မင်းကင်းမြို့ရှိ ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ဆန် (၂၃၀) ပြည်၊ … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံး မှ(၂၈-၈-၂၀၂၀) ရက်နေ့တွင် ကောလင်း မြို့နယ်၊ မြေနီ၊ ညောင်ကိုင်း၊ ညောင်ဇင်၊ တံစူး၊ အင်ပင်သာကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များကို လှည့်လည်၍ အသိပညာပေး ကြေညာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်မှစ၍ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် COVID-19 ကူးစက်ရောဂါအသိ ပညာပေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၈.၂၀၂၀)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ၊ဖတ်ဟိ(အာခါ) ကျေးရွာ၊ ပါလိုင်(ရွာဟောင်း) ကျေးရွာများ၌(COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရန် / ရှောင်ရန်များကို hand speaker ဖြင့်အသိပညာပေး ဆော်သြ ခြင်း၊ Maskများဖြန့်ဝေခြင်း၊ဗီနိုင်း/ပိုစတာများကပ်ခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









