ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ကြီးမှုကြောင့် ရပ်ကွက်(၁) ရပ်ကွက်၊ ကျေးရွာ (၁၆) ကျေးရွာတို့မှ (၂၁-၈-၂၀၂၀) နေ့မှ(၂၅-၈-၂၀၂၀) နေ့အထိ ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၄၆၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၇၆,၅၀၀/-) ကျပ်၊ ဆပ်ပြာ (၁၁၅) တောင့်၊ Surgical mask (၉၃၀) ခုနှင့် မင်းကင်းမြို့ရှိ ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ဆန် (၂၃၀) ပြည်၊ ဆီ (၁၁၅) ဘူးတို့ကို (၂၉-၈-၂၀၂၀) နေ့တွင် မင်းကင်းမြို့ ယွန်းကျောင်းကယ်ဆယ်ရေးစခန်းတွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#sgg_aug2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events