Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၈.၂၀၂၀)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ၊ဖတ်ဟိ(အာခါ) ကျေးရွာ၊ ပါလိုင်(ရွာဟောင်း) ကျေးရွာများ၌(COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရန် / ရှောင်ရန်များကို hand speaker ဖြင့်အသိပညာပေး ဆော်သြ ခြင်း၊ Maskများဖြန့်ဝေခြင်း၊ဗီနိုင်း/ပိုစတာများကပ်ခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_aug2020

Source:   တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events