
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကယ်ဆယ်ရေးစခန်း(၈) ခုတွင် ရေဘေး ရှောင်အိမ်ထောင်စု (၄၈၉) စု လူဦးရေ(၂၃၀၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ ငွေ (၄,၈၃၈,၄၀၀/-) ကျပ်၊ surgical mask(၂၃၀၄) ခု၊ ဂေါ်ဇီလာဆပ်ပြာ(၄၈၉) တောင့်နှင့် ခေါက်ဆွဲခြောက်(၄၈၉၀) ထုပ်တို့ကို ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ပြည်သူလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#krn_aug2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)