Category Archives: News
-
ရေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင်ကျေးရွာအုပ်စု၊ ပိတေါက်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအား (၃-၉-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_sep2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့၊ (၀၀:၀၅) အချိန်၌ မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ ( ၆,၃၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂ဝ၆,၃၀ဝိ/) ကျပ်တို့အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လည်းကောင်း၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ မအူကုန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၄၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာအား (၃-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 … Read more
-
IDPs စခန်းရှိပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀)ရက်နေ့မှ (၂-၉-၂၀၂၀)ရက်နေ့ (၁၀း၀၀)အချိန်တွင် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ (ယာယီ)IDPs စခန်း(၄)ခုမှ စုစုပေါင်းအိမ်ထောင်စု (၂၆၆)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၄၀,၀၀ဝ/-)အား စခန်းရှိပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_sep2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ နေ့လည်(၁၃:၀၀)နာရီအချိန်အထိ ပညစ်ကျေးရွာ၊ ရှမ်းမော်ကျေးရွာနှင့် ကျုံးဂဏန်းကျေးရွာနေ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် အင်းတော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် နားခါကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နန်းကင်ကျေးရွာ၊ နတ်မဟုတ်ကြီးကျေးရွာ၊ နတ်မဟုတ်လေးကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ နဘားစံပြကျေးရွာနှင့် ကမ်းနီကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန် များကို (၁၄:၀၀)နာရီအချိန်မှ (၁၈:၀၀) နာရီအချိန်ထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ လွှဲမောက်၊ လွယ်မောက်၊ နတ်ရေတွင်းနှင့် နတ်တောင်ကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) နေ့တွင် ဝက်လက်မြို့နယ်၊ ဝက်လက်မြို့အမှတ် ( ၁၊ ၂၊ ၃ ) ရပ်ကွက်၊ ရွာသာကြီးကျေးရွာ၊ လှတောကျေးရွာ၊ ပင်းဇင်းကျေးရွာနှင့် မကျီးတုံကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းလုပ်ငန်းများနှင့် မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ(၂.၉.၂၀၂၀)ရက်နေ့တွင် ဆပ္ပလော်ရှောင်ကျေးရွာ၌ (၁၃:၀၀)မှ(၁၅:၀၀)နာရီအထိ covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်(မြေပြိုဘေး၊ မိုးခေါင်ရေရှာဘေး)တို့အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် တမူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)









