Category Archives: News
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင် ကာကွယ်ရေး အတွက် (၁၆.၉.၂၀၂၀)ရက်နေ့၊နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့ ၌လည်းကောင်း၊ ၊ မွန်းလွဲပိုင်း(၁၃:၃၀)မှ (၁၅:၃၀)ထိ လွိုင်လင်ခရိုင်၊ လဲချားမြို့ ၌လည်းကောင်း Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက် ပျံ့ပွားမှု မရှိစေရေး အတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့လုံးဝမထွက်ကြရန်၊မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask) များ တပ်ဆင်ပြီးမှ … Read more
-
IDPs စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့ခြင်းသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၈.၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် စခန်းတစ်ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် လက်ဆေးဆပ်ပြာ(၁)တောင့်နှုန်းဖြင့် စုစုပေါင်းထုံး(၁၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၄၅၀၁)တောင့်ဖြင့် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကူးစက်ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကြောင့် ကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ဝင်တိုးဂိတ် (ကိုးဆူဂိတ်)၌ (၁၆-၉-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီ အချိန်မှ (၁၄:၀၀)နာရီအချိန်အထိ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းအားဖြည့်ကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၉.၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ကြဲကျေးရွာ အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် မေတ္တာရှင်ပရဟိတအဖွဲ့ ပါရမီသုခပရဟိတအဖွဲ့တို့ပူးပေါင်း၍ ကြဲ၊ မီးလောင်ချောင်း၊ ဘုတ်ချောင်း၊ သဲပုံ၊ ကပတောင်ကြီး၊ စက်တော်ရာကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး … Read more
-
IDP စခန်းများ၌ CERP အစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Covid-19) စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ (၁၆-၉-၂၀၂၀) နေ့ (၁၄:၀၀) ချိန်တွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ရှိ လုံးစွတ် IDPs စခန်းမှ အိမ်ထောင်စု (၆၃) ခုနှင့် ဒုတ္တန် IDPs စခန်းမှ အိမ်ထောင်စု (၁၄) စုတို့အတွက် စားသောက်ကုန် (၅) မျိုးဝယ်ယူနိုင်ရန် အိမ်ထောင်စု (၁) စုလျှင် ကျပ် (၄၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၇) … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်လင်ကျေးရွာ၊ ဝမ်ကျွမ်ကျေးရွာ၊ဝမ်မိုင်ကျေးရွာ၊ ဝမ်လွင်ကျေးရွာနှင့် သဲဆိုင်း ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု လိုဘာခိုကျေးရွာနှင့် ဆောင်ဒူကျေးရွာ၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ဝါဘန်းပလိုကျေးရွာ၊ ဆောင်ဒူကျေးရွာအုပ်စု၊ ဒေါတျဝီကျေးရွာများရှိပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၆-၉-၂၀၂၀) ရက်နေ့ (၀၉း၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ရွာမကျေးရွာ၊ တောင်ကျောင်းစုကျေးရွာ၊ မြောက်ကျောင်းစုကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ ကျားကူး (အရှေ့)ကျေးရွာ၊ ကျားကူး (အနောက်)ကျေးရွာ၊ လယ်ဝေးမြို့နယ်၊ သက်ကယ်ကျင်းကျေးရွာအုပ်စု၊ သက်ကယ်ချင်း ကျေးရွာနှင့် မှန်တောကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀)ရက်နေ့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနိူးဆော်မှုများကို သရက်မြို့နယ်၊ တောင်မင်း တည်းရပ်ကွက်၊ မြောက်မင်းတည်းရပ်ကွက်၊ ထူထောင်ရေးရပ်ကွက်နှင့် ကုလားစုကျေးရွာတို့တွင် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ မတ်ချကျေးရွာနှင့် ကျောက်တောင်ကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









