Covid-19 ကူးစက်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၉.၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ကြဲကျေးရွာ အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် မေတ္တာရှင်ပရဟိတအဖွဲ့ ပါရမီသုခပရဟိတအဖွဲ့တို့ပူးပေါင်း၍ ကြဲ၊ မီးလောင်ချောင်း၊ ဘုတ်ချောင်း၊ သဲပုံ၊ ကပတောင်ကြီး၊ စက်တော်ရာကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

 

#ar
#tny_sep2020
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events