IDP စခန်းများ၌ CERP အစီအစဉ်အရ ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Covid-19) စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ (၁၆-၉-၂၀၂၀) နေ့ (၁၄:၀၀) ချိန်တွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ရှိ လုံးစွတ် IDPs စခန်းမှ အိမ်ထောင်စု (၆၃) ခုနှင့် ဒုတ္တန် IDPs စခန်းမှ အိမ်ထောင်စု (၁၄) စုတို့အတွက် စားသောက်ကုန် (၅) မျိုးဝယ်ယူနိုင်ရန် အိမ်ထောင်စု (၁) စုလျှင် ကျပ် (၄၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၇) စုတို့အတွက် စုစုပေါင်းထောက်ပံငွေ (၃,၀၈၀,၀၀၀) ကျပ်တို့ကို ပူတာအိုမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_sep2020

Sign Up

Upcoming Events