
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင် ကာကွယ်ရေး အတွက် (၁၆.၉.၂၀၂၀)ရက်နေ့၊နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့ ၌လည်းကောင်း၊ ၊ မွန်းလွဲပိုင်း(၁၃:၃၀)မှ (၁၅:၃၀)ထိ လွိုင်လင်ခရိုင်၊ လဲချားမြို့ ၌လည်းကောင်း Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက် ပျံ့ပွားမှု မရှိစေရေး အတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့လုံးဝမထွက်ကြရန်၊မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask) များ တပ်ဆင်ပြီးမှ သွားလာ ကြရန်၊ လူစု လူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကိုတိကျစွာလိုက်နာဆောင်ရွက်ကြရန် ၊ ရပ်ဝေးခရီးသွားများဝင်ရောက်လာသူများရှိပါကရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ် အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံးပူးပေါင်း ပါဝင်ကြရန်နှင့် ၊သဘာဝဘေးအန္တရာယ်အကြောင်းများ ၊ရှောင်ရန်/ဆောင်ရန် စသည်များအား ပအိုဘာသာ၊ရှမ်းဘာသာ၊မြန်မာဘာသာ ဖြင့်လှည့်လည်ဆော်သြပြီး ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပိုစတာများကပ်ခြင်း/ ဖြန့်ဝေခြင်း ဗွီနှိုင်းများကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)