Category Archives: News
-
COVID-19ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၌ သရက်မြို့နယ်၊ အနောက်ရပ် တောင်ပိုင်း/မြောက်ပိုင်းရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် ရွာတန်းရှည်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးနိူးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းခရိုင်အတွင်းရှိ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မိုးညှင်းခရိုင်အတွင်းရှိ IDPs စခန်း(၂၁)ခုမှ စုစုပေါင်းအိမ်ထောင်စု(၇၁၉)စု၊ လူဦးရေ(၃၆၆၉)ဦးတို့အတွက် ဆပ်ပြာ(၃၆၆၉)ခဲနှင့် ထုံး(၂၁၀)အိတ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၃း၀၀) နာရီအထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်စုအတွင်းရှိ ဝီထုံးကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ကျွန်းခယ်မကျေးရွာ၊ ကျုံလတာကျေးရွာ၊ သောင်တန်းကျေးရွာနှင့် ကဿပေါင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker … Read more
-
COVID-19ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အောက်ကျင်းရပ်ကွက်နှင့် ကျိုက်ဖနဲရပ်ကွက်များသို့ COVID-19 ကူးစက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့ကို လိုက်လံအသိပေးကြေညာခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mon_sep2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ (၂၂-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ လပွတ္တာမြို့နယ်၊ ဘာသာကုန်းကျေးရွာအုပ်စု၊ ဘာသာကုန်းကျေးရွာ၊ အနန်းကုန်းကျေးရွာနှင့် ဘိုကုန်း ကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးချက်များကို ပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ Loud Speaker ဖြင့်အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင် ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်ရေကျေးရွာအုပ်စု၊ ပျဉ်ရေကျေးရွာ၌ (၂၁-၉-၂၀၂၀) ရက်နေ့တွင် စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စာတို့အား (၂၂-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2020 Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ် (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ(၉၄,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၁၉၄,၅၀၀/-) ကျပ်အား ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၂၂-၉-၂၀၂၀)ရက်နေ့၊(၁၃ : ၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်နှင့် ပြည်တော်သာ ရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွား စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ၊ ဖားအီကျေးရွာ၊ ဘာထန်ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် လွယ်ဆောင်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၂၀-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ ကျား(၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၁၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၂၅,၂၀၀/-)ကျပ်နှင့် ပြောင်းရွှေ့နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၅,၂၀၀/-) ကျပ်နှင့် ဓာတ်ဆား (၂၀) ထုပ်အား (၂၁-၉-၂၀၂၀) … Read more









