လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အောက်ကျင်းရပ်ကွက်နှင့် ကျိုက်ဖနဲရပ်ကွက်များသို့ COVID-19 ကူးစက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့ကို လိုက်လံအသိပေးကြေညာခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ar
#mon_sep2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)