
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၃း၀၀) နာရီအထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်စုအတွင်းရှိ ဝီထုံးကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ကျွန်းခယ်မကျေးရွာ၊ ကျုံလတာကျေးရွာ၊ သောင်တန်းကျေးရွာနှင့် ကဿပေါင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker များဖြင့် အသိပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020