COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ (၂၂-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ လပွတ္တာမြို့နယ်၊ ဘာသာကုန်းကျေးရွာအုပ်စု၊ ဘာသာကုန်းကျေးရွာ၊ အနန်းကုန်းကျေးရွာနှင့် ဘိုကုန်း ကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးချက်များကို  ပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ Loud Speaker ဖြင့်အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_sep2020

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events