Category Archives: News
-
ဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးခရိုင်ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ မိုးမောက်မြို့၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ(၁၉၀၅)ဦးအတွက် paris ဆပ်ပြာ (၁၉၀၅)ခဲနှင့် ထုံးအိတ်(၁၀)အိတ်နှင့် ကက်သလစ်IDPs စခန်းမှ အိမ်ထောင်စု (၈၈)စု၊ လူဉီးရေ (၄၁၄)ဦးတို့အတွက် ဆပ်ပြာ(၄၁၄)နှင့် ထုံး(၁၀)အိတ်တို့အား (၆-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ်ပေါ်ပေါက်လာရေး အကြိုညှိနှိုင်း ဆွေးနွေးမှုသတင်း
အောက်တိုဘာလ (၅) ရက်၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင် တစ်ရပ် ပေါ်ပေါက်လာရေး ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာအုပ်စု၊ဂျုပ္ပင်ကျေးရွာတွင် (၄-၁၀-၂၀၂၀)ရက်နေ့ (၁၄း၄၅) အချိန်၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၅-၁၀-၂၀၂၀) ရက်နေ့တွင် မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mdy_oct2020
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၀)ရက်နေ့ (၁၉:၃ဝ) အချိန်၌ သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ပန်းဒေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/- )ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီမှတာဝန်ရှိသူများနှင့်အတူ (၅-၁၀-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_oct2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်း ကျေးရွာတွင် (၃၀-၉-၂၀၂၀) နေ့ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း(၁၁၂,၆၀၀) ကျပ်တို့ကို (၃-၁၀-၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe … Read more
-
ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှအိမ်ထောင်စု (၁၆၆)စု၊ လူဦးရေ (၇၈၇)ဦးတို့အတွက်ဆပ်ပြာ(၇၈၇)ခဲနှင့် ထုံး(၁၀) အိတ်၊ ရောဘတ်ကျောင်းIDPs စခန်းမှအိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅) ဦးတို့အတွက်ဆပ်ပြာ (၃၉၅၅)ခဲနှင့် ထုံး(၁၀) အိတ်၊ မူရင်းနှစ်ခြင်း lDPs စခန်းမှ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၀.၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်း ကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၃.၁၀.၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) မှလူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒ ဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး
အောက်တိုဘာ ၃၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ( ၂၀၂၀ – ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မြစ်ရေကြီးမှုအခြေအနေသတင်း ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည်မြစ်ငယ်မြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH
-
Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်းရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင်လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









