Category Archives: News
-
ကမ်းပြိုဘေးသင့် ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၀၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး (၁) အိမ်ထောင်စာ အား (၁၆-၁၀-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် ( ၂ ) ၊ဆန်တန်းရပ်၌ (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၂၃:၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုလဲကျခဲ့သဖြင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၈,၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်နှင့်(၃၅,၀၈၁/-)တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်အိမ်ထောင်စာတို့ကို (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက် … Read more
-
Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်(တောင်) ရပ်ကွက်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ကျောင်းရပ်ကွက်၊ နောင်ဟီးရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဝိန်းနေရပ်ကွက်၊ ဝိန်းဝိုင်ရပ်ကွက်၊ ကျဒယ်ရပ်ကွက်၊ နားကောရပ်ကွက်၊ နားမရပ်ကွက်နှင့် နောင်ပိုရွာတို့၌ Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်င်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် RCSS/SSAတို့ ထိတွေ့မှုဖြစ်ပွားသဖြင့် ကျောက်မဲမြို့နယ်၊ ဟဲကွီဘုန်းတော်ကြီးကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ ဟိုနမ့်ဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်း၊ နားအွမ်ဘုန်းတော်ကြီးကျောင်း၊ ကွမ်ဟင်ဘုန်းတော်ကြီးနှင့် ကောင်းမှုခံဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်ရောက်ရှိလာသော အိမ်ထောင်စု(၅၈၇)စု၊ လူဦးရေ(၂,၀၁၄)ဦးအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၄,၂၂၉,၄၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက် (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အဦ(၁)လုံးအား သင်္ကန်းများနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာ၊ လုလုဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အဦ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ သံဃာ (၁၁) ပါးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၂၃၁၀၀)ကျပ်၊ သံဃာများအတွက် သင်္ကန်း(၁၁)စုံ၊ ပစ္စည်းတန်ဖိုးငွေ (၁၁၆,၀၀၀) ကျပ်နှင့် ထောက်ပံ့ငွေသားစုစုပေါင်း (၃၂၃,၁၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၀/၁၁/၁၂) ရပ်ကွက်များတွင် လှည့်လည်၍ covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်း ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင် ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတို့၌ (၉-၁၀-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦးမ (၂) ဦး၊ စုစုပေါင်း (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆,၃၀၀) ကျပ်နှင့် ပြောင်းရွှေ့နေအိမ် (၁) … Read more
-
သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများအား online မှတဆင့် Talk Show ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် များအကြောင်း သိကောင်းစရာများအား online မှတဆင့် Talk Show ဆွေးနွေးပွဲအနေဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_oct2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀) ရက်နေ့၌ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်ကို (၁၄-၁၀-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_oct2020









