Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အ.ထ.က(၄)ကျောင်း၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံပြန်ရေးအသိပညာများ ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၆) ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အ.ထ.က(၄)ကျောင်း၌ နံနက်(၉း၃၀)မှ(၁၁း၃၀)နာရီအချိန်ထိသဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၆၀၀)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အ-မ-က (၆ ) မူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ အ-မ-က (၆ ) မူလတန်းကျောင်း၌ (၂၂-၆-၂၀၁၆) ရက်နေ့ နံနက် (၁ဝး၃၀) မှ (၁၂းဝ၀) နာရီ အချိန်ထိ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသား/သူ (၆၅) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊
-
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ ညောပင်ဆိပ်ရပ်ကွက်၊ အ.ထ.က ညောင်ပင်ဆိပ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံပြန်ရေးအသိပညာများ ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၆) ရက်နေ့ နံနက် (၁ဝးဝ၀) မှ (၁၁း၃၀) နာရီအချိန်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ ညောပင်ဆိပ်ရပ်ကွက်၊ အ.ထ.က ညောင်ပင်ဆိပ်၌ သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်၊၊
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၂၁-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၄၀၀) ခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူး ဦးမြင့်စိုးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျိုင်းတုံမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့်နံရံကပ်ပိုစတာများလည်းဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိပါသည်၊၊
-
ကော့သောင်းမြို့ ၊ အ.ထ.က (၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့တွင် ကော့သောင်းမြို့၊ အ.ထ.က (၁) ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန်လ(၂၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မေခလာ ခန်းမတွင် ဇွန်လ ၂၁ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှဥက္ကဌဖြစ်သူ Mr.Bunker Roy ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ အမျိုးသမီးများ၏ စွမ်းပကား မြင့်မား စေရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်နီယာ (Solar Engineer) သင်တန်းများကို လူမှုဝန်ထမ်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန်လ(၂၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မေခလာ ခန်းမတွင် ဇွန်လ ၂၁ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှဥက္ကဌဖြစ်သူ Mr.Bunker Roy ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ အမျိုးသမီးများ၏ စွမ်းပကား မြင့်မား စေရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်နီယာ (Solar Engineer) သင်တန်းများကို လူမှုဝန်ထမ်း၊ … Read more
-
မိုင်းဖြတ် (အ.ထ.က) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့တွင် မိုင်းဖြတ် (အ.ထ.က) ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ မိုင်းဖြတ် (အ.ထ.က) ကျောင်းမှ ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၈၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံပြန်ရေးအသိပညာများ ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀)စီမံချက်အရ (၂၀.၆.၂၀၁၆) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၃းဝ၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲအား ပြုလုပ်ကျင်းပခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးဆိုင်ရာများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ရန် အရေးပါကြောင်းနှင့် ဘေးမဖြစ်မီ ဘေးဖြစ်ဆဲ ဘေးဖြစ်ပြီး အခြေအနေများတွင် ဆောင်ရန်/ ရှောင်ရန်များ ဆွေးနွေးခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊









