လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှ လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ ဇွန်လ(၂၁)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မေခလာ ခန်းမတွင် ဇွန်လ ၂၁ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား The Barefoot College in India မှဥက္ကဌဖြစ်သူ Mr.Bunker Roy ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ အမျိုးသမီးများ၏ စွမ်းပကား မြင့်မား စေရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်နီယာ (Solar Engineer) သင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Asian Level Solar Training Centre ဖွင့်လှစ်ကာ အရှေ့တောင်အာရှနိုင်ငံများမှ အသက် ၃၅ နှစ်မှ ၅၀နှစ် အတွင်းရှိ အမျိုးသမီးများသင်တန်းတက်ရောက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events