ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀)စီမံချက်အရ (၂၀.၆.၂၀၁၆) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၃းဝ၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲအား ပြုလုပ်ကျင်းပခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးဆိုင်ရာများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ရန် အရေးပါကြောင်းနှင့် ဘေးမဖြစ်မီ ဘေးဖြစ်ဆဲ ဘေးဖြစ်ပြီး အခြေအနေများတွင် ဆောင်ရန်/ ရှောင်ရန်များ ဆွေးနွေးခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊