ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၆) ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အ.ထ.က(၄)ကျောင်း၌ နံနက်(၉း၃၀)မှ(၁၁း၃၀)နာရီအချိန်ထိသဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၆၀၀)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊