Category Archives: News
-
(၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း
(၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ အမှတ် (၅၁/ခ)၊ ပြည်တော်အေးရိပ်သာ၊ ရန်ကင်းမြို့မှ ဦးစိုးသိန်း+ဒေါက်တာခင်အုန်းရီ မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၁၅၀,၀၀၀) ကျပ်၊ ဦးနေခြည်အောင်+ဒေါ်ဇင်မင်းသွယ် မိသားစုမှ အလှူငွေ (၁၀၀,၀၀၀) ကျပ်နှင့် သား (WILLIAM) မှ အလှူငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း (၃၀၀,၀၀၀) ကျပ်အား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
(၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှု အခြေအနေသတင်း
(၁၉-၈-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်တင်လတ်သန္တာဗိုလ်၊ ဒေါက်တာ ဇော်ဝင်း+ဒေါက်တာ ရတနာအောင်၊ ဦးအောင်မြင့်+ဒေါ်တင်ထွေးစန္ဒာဗိုလ်၊ ဦးဇော်ဝင်းအောင်+ဒေါက်တာ ရီရီမြင့်၊ ဒေါက်တာ မြင့်သိန်း+ဒေါက်တာ သီရိအောင်တို့အဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၁၇၀,၀၀၀) အား လာရောက်လှူဒါန်းခဲ့ရာ ဦးစံကုန်း (ဦးစီးအရာရှိ) က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် World Vision Myanmar အဖွဲ့နှင့် ပူးပေါင်း၍ စေတနာ့ ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်ခဲ့မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် World Vision Myanmar အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို (၁၆-၈-၂၀၁၆)ရက်နေ့မှ (၁၈-၈-၂၀၁၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
အရေးကြီးသတင်း No 2
အရေးကြီးသတင်း
-
Testing No 1
This post is for important news .
-
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးဒုက္ခခံစားနေရသော ရေဘေးသင့်အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၂၇၈) တို့အတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၅၁၂,၇၀၀) ကျပ်တိတိ၊ ငါးသေတ္တာ (၁၈၀) ဘူးနှင့် ရေသန့် (၈၄၃) ဘူးတို့အား (၁၈-၈-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါဖြစ်ပွားခဲ့သော ကျေးရွာများသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ စားနပ်ရိက္ခာများ၊ ထောက်ပံ့ငွေ များပေးပို့ထောက်ပံ့လျက်ရှိခြင်း
– အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ကာကွယ်ရေး၀န်ကြီးဌာန နှင့်ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လနှင့်သြဂုတ်လအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါများဖြစ်ပွားခဲ့သော ကျေးရွာများအတွက် အရေးပေါ် လိုအပ်သော စားနပ်ရိက္ခာများ၊ အဟာရဖြည့်စွက်စာများကို တပ်မတော် Y-8 လေယာဥ်ဖြင့် ဟုမ္မလင်းမြို့သို့လည်းကောင်း၊ ဟုမ္မလင်းမြို့မှတဆင့် ရဟတ်ယာဥ်ဖြင့် ခန္တီးမြို့သို့လည်းကောင်း၊ ခန္တီးမြို့မှတဆင့် မော်တော်ယာဥ်များဖြင့် လဟယ်မြို့သို့လည်းကောင်း ပို့ဆောင်လျက်ရှိရာ ပထမအကြိမ်ကို (၁၅-၈-၂၀၁၆)နေ့တွင်ပေးပို့ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် – – (၁၈-၈-၂၀၁၆)နေ့တွင် တန်ချိန်(၇)တန်ကျော်ရှိ ဆန်(၁၀၄)အိတ်၊ ဆီ(၂၀၀)ပိဿာ၊ ကုလားပဲ (၆၀၀)ပိဿာ၊ … Read more
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဇူလိုင်လ (၁၅) ရက်နေ့မှ သြဂုတ်လ (၁၈) ရက်နေ့ထိ ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုအခြေအနေဇယားချုပ်
တိုင်းဒေသကြီး/ပြည်နယ်အလိုက်ရေဘေးဖြစ်ပွားနှင့် ထောက်ပံ့မှုအခြေအနေဇယားချုပ် တိုင်းဒေသကြီး/ပြည်နယ်များမှ ဘေးဖြစ်ပွားသည့်ဒေသအလိုက် ဘေးဖြစ်ပွားမှုအခြေအနေနှင့် ထောက်ပံ့မှုအခြေအနေများ
-
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာနှင့် သူဌေးကုန်းကျေးရွာများမှ ရေဘေးသင့်ပြည်သူများနှင့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၄-၈-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၌ ရေဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၃၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊ ဆန် (၃) ရက်စာဘိုးငွေကျပ် (၁၁၇,၀၀၀) တိတိ၊ တစ်အိမ် (၅၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ခြေ (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၃) သိန်းနှင့် (၄-၈-၂၀၁၆) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ မီးလောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁) … Read more









