နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါဖြစ်ပွားခဲ့သော ကျေးရွာများသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ စားနပ်ရိက္ခာများ၊ ထောက်ပံ့ငွေ များပေးပို့ထောက်ပံ့လျက်ရှိခြင်း

17 16 15 13 14 12 11 10 9 8 7 6 5 4 3 2 1

–     အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ကာကွယ်ရေး၀န်ကြီးဌာန နှင့်ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လနှင့်သြဂုတ်လအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါများဖြစ်ပွားခဲ့သော ကျေးရွာများအတွက် အရေးပေါ် လိုအပ်သော စားနပ်ရိက္ခာများ၊ အဟာရဖြည့်စွက်စာများကို တပ်မတော် Y-8 လေယာဥ်ဖြင့် ဟုမ္မလင်းမြို့သို့လည်းကောင်း၊ ဟုမ္မလင်းမြို့မှတဆင့် ရဟတ်ယာဥ်ဖြင့် ခန္တီးမြို့သို့လည်းကောင်း၊  ခန္တီးမြို့မှတဆင့် မော်တော်ယာဥ်များဖြင့် လဟယ်မြို့သို့လည်းကောင်း ပို့ဆောင်လျက်ရှိရာ ပထမအကြိမ်ကို (၁၅-၈-၂၀၁၆)နေ့တွင်ပေးပို့ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် –

–     (၁၈-၈-၂၀၁၆)နေ့တွင် တန်ချိန်(၇)တန်ကျော်ရှိ ဆန်(၁၀၄)အိတ်၊ ဆီ(၂၀၀)ပိဿာ၊ ကုလားပဲ (၆၀၀)ပိဿာ၊ ငါးသေတ္တာ(၃၃၀၀)ဗူး၊ ဆား(၇၅)ပိဿာ၊ ခြင်ထောင်(၅၀၀)လုံးတို့ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟုမ္မလင်းမြို့သို့ တပ်မ‌တော် Y-8 လေယာဥ်ဖြင့်ပို့ဆောင်ခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တာ၀န်ရှိသူများမှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းနှင့် ဟုမ္မလင်းမြို့မှတဆင့် ခန္တီးမြို့သို့လည်း တပ်မတော်ရဟတ်ယာဥ်ဖြင့် (၂)ခေါက်ပို့ဆောင်ခဲ့ပြီး (၁၉-၈-၂၀၁၆)နေ့တွင် ရဟတ်ယာဥ်(၁)ခေါက်ဖြင့် ဟုမ္မလင်းမြို့မှ ခန္တီးမြို့သို့ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ပါသည်။

–     ပထမအကြိမ်ပေးပို့ထားသည့်ပစ္စည်းများကိုလည်း လဟယ်မြို့မှတဆင့် ကျေးရွာများသို့ ဆက်လက်ပေးပို့လျက်ရှိကြောင်းသိရှိရပါသည်။

–     ထို့အပြင် ကူးစက်ရောဂါများဖြစ်ပွားခဲ့သော ကျေးရွာများရှိ ပြည်သူများအား လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သိန်း(၅၀၀)ကို နာဂဒေသဦးစီးအဖွဲ့သို့ ပေးပို့ထားရှိ ပါသည်။

 

–     ထို့အတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ စား၀တ်နေရေး အခက်အခဲကြုံတွေ့လျက်ရှိသည့်ကျေးရွာ(၁၁)ရွာအတွက် ဆန်ရိက္ခာ(၂)လစာ ဆန်(၃၂၅၈) အိတ်ထောက်ပံ့နိုင်ရန် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် (၈၃၀.၇၉)သိန်းကို (၈-၇-၂၀၁၆)နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့ ထောက်ပံ့ခဲ့ပါသည်။

–     လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သဘာ၀ဘေး အန္တရာယ်ဖြစ်ပွားလျက်ရှိသည့်ဒေသများ၊ ‌ေ၀းလံခေါင်းပါးပြီး စာနပ်ရိက္ခာရှားပါးသောဒေသ များသို့လည်း အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events