တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် World Vision Myanmar အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို (၁၆-၈-၂၀၁၆)ရက်နေ့မှ (၁၈-၈-၂၀၁၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။