(၁၄-၈-၂၀၁၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၌ ရေဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၃၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊ ဆန် (၃) ရက်စာဘိုးငွေကျပ် (၁၁၇,၀၀၀) တိတိ၊ တစ်အိမ် (၅၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ခြေ (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၃) သိန်းနှင့် (၄-၈-၂၀၁၆) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ မီးလောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန် (၃) ရက်စာဘိုးငွေကျပ် (၂,၇၀၀) တိတိ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀,၀၀၀) တိတိတို့အား (၁၈-၈-၂၀၁၆) ရက်နေ့၊ (၁၅: ၁၅) နာရီအချိန်တွင် ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)