Category Archives: News
-
သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပေးမှုသတင်း
(၃-၉-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်တွင် (၂-၉-၂၀၁၆) ရက်နေ့၌ ဒီရေတက်ပြီး ပင်လယ်ရေလှိုင်းပုတ်မှုကြောင့် လူနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် (၅) လုံး တစိတ်တပိုင်းပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါဘေးအတွက် အိမ်ထောင်စာစု (၁)စု် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ အိမ်ထောင်စု (၅) စုအတွက် ပစ္စည်း(၄) မျိုး ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန် (၃) ရက်စာဖိုးငွေ (၁၆၆၂၀၀/-) ကျပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံး တုံတုံးရွာ ရှိ ဘေးသင့်ပြည်သူများအား နောက်ဆက်တွဲထောက်ပံ့မှုသတင်း
(၂- ၉- ၂၀၁၆) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ကော့သောင်း မြို့နယ် ပုလုံးတုံတုံးရွာ ပြိုလဲအိမ် (၃) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅ဝဝဝဝ/-) ကျပ်နှင့် အိမ်ထောင် စု (၃) စုမှ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၁၈၉ဝဝ/-) အား ကော့သောင်းခရိုင်(ကဆရ) ရုံးမှ ( ၃ – ၉ – ၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံး တုံတုံးရွာရှိ ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
ကော့သောင်းမြို့နယ်၊ ပုလုံး တုံတုံးရွာတွင် (၂ – ၉ -၂၀၁၆) နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ် ရေလှိုင်းပုတ်ခတ်မှုကြောင့် လူနေအိမ် (၃) လုံး ပြိုလဲပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃) စုစာကို ကော့သောင်းခရိုင်ရုံးမှ (၂-၉-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ ကုန်တန်းကျေးရွာ လေဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ ကုန်တန်းကျေးရွာတွင် လေမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၂) စုတွင် လုံးဝပျက်စီး (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ခေါင်မိုးလန် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃) ရက်စာ (၉,၉၀၀) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၇၀,၀၀၀) တို့အား ကျောက်တော်မြို့နယ်၊ ထွေအုပ်ရုံး၌ (၆-၉-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) … Read more
-
လူမှုဝန်ထမ်းဦးစီးဌာန၊ ရေနံချောင်းမူလတန်းကြိုကျောင်း မီးလောင်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဦးစီးဌာနလူမှုဝန်ထမ်းဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရေနံချောင်း မူလတန်းကြိုကျောင်းတွင် (၁-၉-၂၀၁၆)ရက်နေ့ ည(၁၂:၁၅)နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးနှင့် အဖွဲ့သည် မကွေးမြို့မှ ရေနံချောင်းသို့ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မီးငြိမ်းသတ်နိုင် ရေးဆောင်ရွက်ခဲ့ရာ နံနက်(၀၂:၁၅)နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ ပါသည်။ (၂-၉-၂၀၁၆) နေ့နံနက်(၁၂:၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး၊ ဦးအောင်ကျော်မိုးသည် ရေနံချောင်း မူလတန်းကြိုကျောင်းသို့ ရောက်ရှိခဲ့ပြီး မိဘဆရာအသင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများနှင့် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ရေဘေးသင့်သူများအား ထောက်ပံ့ခြင်း
(၁၁.၈.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ရေဘေး မျောပါအိမ်ခြေ(၁၈)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၉၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၉၂)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ငွေ(၈၂,၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၂,၈၀၀/-)ကျပ် ကို ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၂.၉.၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာရှိ မြစ်ကမ်းပြိုဘေးသင့်ပြည်သူများအား ကွင်းဆင်းထောက်ပံ့ခြင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဇင်းတောကျောင်းစုကျေးရွာတွင် (၂၆.၈.၂၀၁၆)ရက်နေ့၌ မြစ်ကမ်းပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စုမှ လူဦးရေ (၁၀၈)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး၊ (၂၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁)အိမ်လျှင် ငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ ငွေ(၉၇,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၉၇,၂၀၀/-) အား (၁.၉.၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထပ်မံဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအား ထောက်ပံ့မှုသတင်း
တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ထပ်မံဝင်ရောက်လာသော အိမ်ထောင်စု (၃) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃) စုစာနှင့် လူဦးရေ (၁၉) အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၉၉၀၀/-) ကျပ်အား မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ထွေ/အုပ်ရုံးမှတစ်ဆင့် (၃၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)









