ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ ကုန်တန်းကျေးရွာတွင် လေမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၂) စုတွင် လုံးဝပျက်စီး (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ခေါင်မိုးလန် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃) ရက်စာ (၉,၉၀၀) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၇၀,၀၀၀) တို့အား ကျောက်တော်မြို့နယ်၊ ထွေအုပ်ရုံး၌ (၆-၉-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး