လူမှုဝန်ထမ်းဦးစီးဌာန၊ ရေနံချောင်းမူလတန်းကြိုကျောင်း မီးလောင်မှုသတင်း

12

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဦးစီးဌာနလူမှုဝန်ထမ်းဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရေနံချောင်း မူလတန်းကြိုကျောင်းတွင် (၁-၉-၂၀၁၆)ရက်နေ့ ည(၁၂:၁၅)နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးနှင့် အဖွဲ့သည် မကွေးမြို့မှ ရေနံချောင်းသို့  ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင်‌့ ပူးပေါင်း၍ မီးငြိမ်းသတ်နိုင် ရေးဆောင်ရွက်ခဲ့ရာ နံနက်(၀၂:၁၅)နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ ပါသည်။ (၂-၉-၂၀၁၆) နေ့နံနက်(၁၂:၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး၊ ဦးအောင်ကျော်မိုးသည် ရေနံချောင်း မူလတန်းကြိုကျောင်းသို့ ရောက်ရှိခဲ့ပြီး မိဘဆရာအသင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများနှင့် ညှိနှိုင်း၍ ရေနံချောင်းမြို့၊ ရွှေကြာငုံရပ်၊ မဲထီးကျောင်းတိုက်တွင် မူလတန်းကြို ကျောင်းကို အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်  သင်ထောက်ကူပစ္စည်းများ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေး လျက်ရှိကြောင်းနှင့်  ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ကျပ် (၆၅) သိန်းခန့်ရှိကြောင်း သတင်းရရှိ ပါသည်။

Sign Up

Upcoming Events