Category Archives: News
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူပစ္စည်းလက်ခံရရှိမှုသတင်း
(၉-၉-၂၀၁၆)ရက်နေ့တွင် အိန္ဒိယကောင်စစ်၀န်မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၂၅)သိန်းအား မန္တလေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ရာတိုင်းဦးစီးမှူးက လက်ခံရရှိခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အလှူပစ္စည်းလက်ခံရရှိမှုသတင်း
(၉-၉-၂၀၁၆)ရက်နေ့၊ (၁၆:၀၀)နာရီတွင် မေတ္တာအလင်းရောင် 22 donation groupမှ ရေဘေးသင့်ပြည်သူများအတွက် စောင်(၅)အိတ်၊ ဆန်(၁၀)အိတ်၊ ရေသန့်(၃၀)ကဒ်၊ ခေါက်ဆွဲခြောက် (၄)ကာတွန်း၊ အဝတ်အထည် ဟောင်းထုပ်(၆)ထုပ်အား ရန်ကုန်တိုင်းဒေသကြီးကယ်ဆယ်ရေးရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဦးစီးမှူးရုံးရှိတာ၀န်ရှိသူမှ လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ စက်တင်ဘာလ (၉) ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား youth policy development (UNFPA) အဖွဲ့မှ အဖွဲ့ဝင်များလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူငယ်မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ် များ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ဖိုရမ် များကျင်းပ၍ ဆောင်ရွက်နေမှုအခြေအနေများ၊ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များ၊လူငယ်မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် သတင်းမီဒီယာ၊ … Read more
-
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်လွတ်ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၄)၊ အမ်ထောင်စု (၁၄) စု၊လူဦးရေ (၅၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀)၊ ဆန်ရိက္ခာဖိုး (၈၄၀၀၀/-)ကျပ် ၊ စုစုပေါင်း (၇၈၄၀၀၀/-) ကျပ်တို့အား မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာလေဘေးအတွက် ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွှေထွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂,၇၀၀)၊ စုစုပေါင်း (၂၂,၇၀၀) အား (၈-၉-၂၀၁၆) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
-
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာအတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
၂၄-၈-၂၀၁၆) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရဂူရွာဟောင်းကျေးရွာတွင် လူနေအိမ် (၁) လုံး အုတ်နံရံ ပြိုကျပျက်စီးခဲ့ပါသည်။ အဆိုပါ ပျက်စီးအိမ်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀,၀၀၀) နှင့် မိသားစုဝင် (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃) ရက်စာ (၄,၅၀၀) တို့အား (၇-၉-၂၀၁၆) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး
-
ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု ကုလားကျေးရွာရှိ ဘေးသင့်ပြည်သူများအတွက် နောက်ဆက်တွဲ ထောက်ပံ့မှုသတင်း
(၂၉.၈.၂၀၁၆) နေ့မှစတင်၍ (၂.၉.၂၀၁၆) နေ့အထိ ဆင်သေချောင်းရေတိုးမှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု ကုလားကျေးရွာတွင် ကမ်းပါးပြိုကျခဲ့သော ထပ်တိုးအိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်း တစ်အိမ်ထောင်လျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် (၄) သိန်း ရေသန့်ဆေးအား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ (၅.၉.၂၀၁၆) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
(၂-၉-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံး၌ အလှူငွေလက်ခံရရှိမှုသတင်း
(၂-၉-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးရုံးသို့ စစ်တက္ကသိုလ်၊ အမှတ် (၁၀)၊ သင်တန်းဆင်းအရာရှိများမိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၂,၀၀၀,၀၀၀) အား လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရှိရပ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေး လျော့ချရေးလုပ်ငန်းစီမံကိန်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
(၂-၉-၂၀၁၆) ရက်နေ့ (၀၉:၀၀) နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် Action contre la faim (ACF) အဖွဲ့အစည်းတို့ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝဘေးလျော့ချရေးလုပ်ငန်းစီမံကိန်း အကြိုအလုပ်ရုံဆွေးနွေးပွဲအား စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၄၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









