Category Archives: News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း
(၂၅-၁၀-၂၀၁၆)ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား ကမ်းနားလမ်းတစ်လျှောက် ဆိပ်ငယ်စျေးကြီးနှင့် ပြည်တော်သာဆိပ်ခံတံတားတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့နှင့် ပူးပေါင်း၍ ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး Asian Development Bank (ADB) ဘဏ်မှ Mr.Winfried Wicklein ဦးဆောင်သောအဖွဲ့ လာရောက် တွေ့ဆုံမှုသတင်း
အောက်တိုဘာလ(၂၆)ရက်နေ့၊ မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Asian Development Bank(ADB) ဘဏ်မှ Mr.Winfried Wicklein ဦးဆောင်သောအဖွဲ့မှ ဝန်ကြီးဌာန၏မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင် (မူကြမ်း) ထွက်ပေါ်လာပြီးနောက်၊ အဆိုပါ မူဘောင် (မူကြမ်း) အားအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များ၊ မူဘောင်အား အတည်ပြုပြီးနောက် အသိပေးကြေငြာခြင်း ဆောင်ရွက် ရန်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စများနှင့်ပက်သက်၍ … Read more
-
မကွေးတိုင်းဒေသကြီးတွင် ရပ်ကွက်/ကျေးရွာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ကျင်းပမှုသတင်း
(၂၅-၁၀-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြိ့ု နယ်တွင် ရပ်ကွက်/ကျေးရွာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်လှစ်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်အကြောင်းနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ကို ဆွေးနွေးဟောပြောပြီး အဆိုပါသင်တန်းသို့ သင်တန်းသား (၁၁၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၆)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၄းဝ၀) နာရီအချိန်ထုတ်ပြန်ချက်) **ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ** (က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၅၅)မိုင် ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၃၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၃၁၀)ခန့်နှင့် မာချိီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄၂၅)မိုင်ခန့်အကွာ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၅)
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၁းဝ၀) နာရီအချိန်ထုတ်ပြန်ချက်) **ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ** (က) ယနေ့မြန်မာစံတော်ချိန် (၁ဝး၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင် ဘက် မိုင်(၃၃၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၂၅)မိုင် ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၃၁၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၃၄၀) ခန့်နှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား JICA Myanmar အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ အောက်တိုဘာလ (၂၅) ရက်နေ့၊ မွန်းလွဲ (၁:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား JICA Myanmar အဖွဲ့အစည်း မှ Chief Advisor ဖြစ်သူ Mr. Ichiro KOBAYASHI ဦးဆောင်သောအဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ JICA Myanmar အဖွဲ့အစည်းသည် “Project for Establishment of End-to-End Early Warning System for Natural Disaster” … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၄)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၆းဝ၀)နာရီအချိန်ထုတ်ပြန်ချက်) ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၄) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၈၅) မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၂၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၃၈၀) ခန့်နှင့် မာချိီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၃)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ မြန်မာစံတော်ချိန် (၂ဝးဝ၀)နာရီအချိန်ထုတ်ပြန်ချက်) ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၃) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၉း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင််သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်ဘက် (၂၃၅) မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၃၅)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၂၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၄၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၂)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀) နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက် – အနောက်မြောက်ဘက် မိုင် (၂၂၀) ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၁၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင် ဘက် (၂၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၄၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၂၁)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃းဝ၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ ၏ အနောက် – အနောက်မြောက်ဘက် မိုင်(၂၀၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက် တောင်ဘက် မိုင် (၂၀၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၁၉၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် … Read more









