ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၆)

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၄းဝ၀) နာရီအချိန်ထုတ်ပြန်ချက်)

**ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ**

(က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့
ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၅၅)မိုင် ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၃၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၃၁၀)ခန့်နှင့် မာချိီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

**ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း**

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

**နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်**

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၂၄)နာရီအတွှင်း ပိုမိုအားကောင်းလာ နိုင်ပြီး၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။

**သတိပေးနှိုးဆော်ချက်**

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

**အကြံပြုချက်**

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Source: DMH

Sign Up

Upcoming Events