လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး Asian Development Bank (ADB) ဘဏ်မှ Mr.Winfried Wicklein ဦးဆောင်သောအဖွဲ့ လာရောက် တွေ့ဆုံမှုသတင်း

အောက်တိုဘာလ(၂၆)ရက်နေ့၊ မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဝင်းမြတ်အေး အား Asian Development Bank(ADB) ဘဏ်မှ Mr.Winfried Wicklein ဦးဆောင်သောအဖွဲ့မှ ဝန်ကြီးဌာန၏မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင် (မူကြမ်း) ထွက်ပေါ်လာပြီးနောက်၊ အဆိုပါ မူဘောင် (မူကြမ်း) အားအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များ၊ မူဘောင်အား အတည်ပြုပြီးနောက် အသိပေးကြေငြာခြင်း ဆောင်ရွက် ရန်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စများနှင့်ပက်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

 

Sign Up

Upcoming Events