လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား JICA Myanmar အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ အောက်တိုဘာလ (၂၅) ရက်နေ့၊ မွန်းလွဲ (၁:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား JICA Myanmar အဖွဲ့အစည်း မှ Chief Advisor ဖြစ်သူ Mr. Ichiro KOBAYASHI ဦးဆောင်သောအဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ JICA Myanmar အဖွဲ့အစည်းသည် “Project for Establishment of End-to-End Early Warning System for Natural Disaster” စီမံချက်အတွက် Single Side Band (SSB) VHF ရေဒီယိုလှိုင်းသုံးဆက်သွယ်ရေးစက်များကို JICA မှ ကူညီပံ့ပိုးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံချက် (Community based disaster risk management) သည်လည်း အကျိုးရှိသည့်စီမံကိန်းဖြစ်သည့်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရဘတ်ဂျက်မှလည်း  ဘေးအန္တရာယ်ကျရောက်မှုများသောမြို့များတွင် Single Side Band (SSB) အခု (၃၀) ဝယ်ယူ၍ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့် ဒေသအသီးသီးတွင် အဆိုပါ Early Warning Single Side Band များထပ်မံတပ်ဆင်နိုင်ရန်အတွက် JICAနှင့်ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events