Category Archives: News
-
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၅ -၁၁ -၂၀၁၆) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာကမ်းပြိုဘေးအတွက် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၇၂၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀/-) ကျပ်အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူတစ်ဦးက မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ၌ ကမ်းပြိုမှုကြောင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦး ဘေးသင့်ခဲ့ရာ အဆိုပါကမ်းပြိုဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာအား (၇-၁၁-၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အခြာကလေးကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၄-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၃:၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အခြာကလေးကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာ၌ ကောက်ညှင်းပေါင်းမီးဖိုမှ မီးအရှိန်တက်ပြီး ထရံသို့ကူးစက်ကာ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၂၆) ဦးမီးဘေးသင့်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၅၀၀၀၀) နှင့် ဘေးသင့်သူ (၁၂၆) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၁၁၃၄၀၀)၊ စုစုပေါင်း … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၆)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈းဝ၀) နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁ရး၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: DMH
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၅)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၆းဝ၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် (၅၀)ခန့်၊ ခီပူပါရာမြို့၏ အရှေ့တောင်ဘက် (၉၅) မိုင်ခန့်နှင့် ခူတန်ဒီယာမြို့၏ အနောက်တောင်ဘက် မိုင်(၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၄)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂းဝ၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် (၁၂၀)ခန့်နှင့် ခီပူပါရာမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် (၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်းကမ်းခြေကို နောက်(၆)နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်ကာ၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ … Read more
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးများ အဆင့် ညီလာခံသို့ တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသည့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးများအဆင့်ညီလာခံသို့ တက်ရောက်လျက်ရှိရာ (၃-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေး ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၃)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၆းဝ၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၅၀)ခန့်၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၈၀)ခန့်နှင့် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းငယ်သည် … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၂၂းဝ၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ အရှေ့တောင်ဘက် မိုင်(၁၄၀)ခန့်၊ ကိုးလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် (၂၁၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် (၁၈၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် (၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁)
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၆းဝ၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ အရှေ့တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကိုးလ်ကတ္တားမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၂၃၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် (၃၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ … Read more









