မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ၌ ကမ်းပြိုမှုကြောင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦး ဘေးသင့်ခဲ့ရာ အဆိုပါကမ်းပြိုဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၀၀၀၀)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာအား (၇-၁၁-၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)