ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အခြာကလေးကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

7_pic01 7_pic02

(၄-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၃:၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အခြာကလေးကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာ၌ ကောက်ညှင်းပေါင်းမီးဖိုမှ မီးအရှိန်တက်ပြီး ထရံသို့ကူးစက်ကာ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ဘေးသင့်အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၂၆) ဦးမီးဘေးသင့်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၅၀၀၀၀) နှင့် ဘေးသင့်သူ (၁၂၆) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၁၁၃၄၀၀)၊ စုစုပေါင်း (၁၆၃၄၀၀) ကျပ်တိတိအား ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက (၄-၁၁-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး မီးလောင်သည့်နေရာအား ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events