Category Archives: News
-
တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ရခိုင်မျိုးနွယ်စု (၂) စုအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ရခိုင်မျိုးနွယ်စု (၂) စုမှ လူဦးရေ (၁၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၃၁၀၀) ကျပ်တိတိကို ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှပေးပို့ရာ မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက အဆိုပါပြည်သူများထံသို့ (၁၆-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောမှုသတင်း
ချင်းပြည်နယ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ (၁၇-၁၁-၂၀၁၆) ရက်နေ့တွင် သင်တန်းသူ (၅၁) ဦးနှင့် အမျိုးသမီးရေးရာအဖွဲ့မှ (၂၀) ဦးအား လူကုန်ကူးမှုတားဆီးရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Korea Disabled People’s Development Institute အဖွဲ့အစည်းနှင့် United Nations Development Programme(UNDP) အဖွဲ့အစည်းတို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာလ ၁၆ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Korea Disabled People’s Development Institute အဖွဲ့ အစည်းမှ Program Specialist ဖြစ်သူ Mr. Kim Kwang- hee ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏အခွင့်အရေးများ အပြည့်အဝကာကွယ်မြင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ … Read more
-
“Mainstreaming DRR-CCA in Public Investment and Financial Planning ” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
(၁၅-၁၁-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကမ္ဘာ့ ကုလသမဂ္ဂ သဘာဝဘေးလျော့ပါးရေးအဖွဲ့ (UNISDR) တို့ပူးပေါင်း၍ Hilton Hotel၊ နေပြည်တော်၌ အခြားသောနိုင်ငံများ၏ဖွဲ့ဖြိုးရေးလုပ်ငန်းများတွင် သဘာဝဘေးလျှော့ချရေး လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အတွေ့အကြုံများ ဝေငှပေး နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုနှင့် သဘာဝဘေးကျရောက်နိုင်ခြေ လေ့လာဆန်းစစ်ချက်နည်းစနစ်များကို အသိပေးဖြန့်ဝေပေးနိုင်ရန်အတွက် ” Mainstreaming DRR-CCA in Public Investment and Financial Planning” အလုပ်ရုံးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းလှကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံးမှ ဘေးသင့်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းလှကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံးမှ ဘေးသင့်သူများအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၅၄၅၀၀) ကျပ်တို့ကို (၁၅-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးမှူးရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ International Organization for Migration (IOM) အဖွဲ့အစည်း၊ Disaster Reduction Youth Volunter (DRYV) တို့မှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့တွင် (၁၀-၁၁-၂၀၁၆) ရက်နေ့မှ (၁၂-၁၁-၂၀၁၆) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၇၀)ဦးနှင့် လေ့လာသူ(၆)ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား ပို့ချခဲ့ပါသည်။ (၁၂-၁၁-၂၀၁၆)ရက်နေ့တွင် ဖားကန့်မြို့၊ မမုံကျေးရွာ ဓမ္မာရုံတွင် သင်တန်းသားများနှင့်အတူ သဘာဝဘေးအသိပညာပေးဟောပြောပွဲ … Read more
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောကြီးကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၀) ဦးတို့အား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းပြီးဖြစ်ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၈) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေစုစုပေါင်း (၁၈၇၀၀၀) ကျပ်တို့ကို (၁၅-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် International Organization for Migration (IOM) တို့ပူးပေါင်း၍ (၁၅-၁၁-၂၀၁၆)ရက်နေ့မှ (၁၈-၁၁-၂၀၁၆)ရက်နေ့အထိ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆင့်ပွားသင်တန်းအား သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် (၁၃-၁၁-၂၀၁၆) ရက်နေ့က ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုး (၃)ရက်စာ (၃၆ဝဝ) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅ဝဝဝဝ) ကျပ်တို့အား မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ (၁၆-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်များအား ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရေးညှိနှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၂.၁၁.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးသူငယ်ဥပဒေအရ အသက်(၆)နှစ် မှ(၁၆)နှစ် အတွင်းရှိ ကလေးသူငယ်တရားရုံးမှ ပို့အပ်လာသည့် ကလေးများအား စိတ်ဓါတ်နှင့်အကျင့်စာရိတ္တ ပြုပြင်ပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးများအား အတန်းပညာနှင့် ကျောင်းပြင်ပပညာများသင်ကြားပေးရာတွင် မေတ္တာပေးပြုစုစောင့်ရှောက်ပေးခြင်းဖြင့် ကလေးများစိတ်ချလုံခြုံသောဘဝကို ရရှိခံစားနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကလေးသူငယ်တရားရုံးမှ ပို့အပ်သော ကလေးများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ သင်တန်းသားတိုးချဲ့အိပ်ဆောင်အဆောက်အဦအသစ်ဆောက်လုပ်နိုင်ရေး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ (၁၃.၁၁.၂၀၁၆) … Read more









