ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးမှူးရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ International Organization for Migration (IOM) အဖွဲ့အစည်း၊ Disaster Reduction Youth Volunter (DRYV) တို့မှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့တွင် (၁၀-၁၁-၂၀၁၆) ရက်နေ့မှ (၁၂-၁၁-၂၀၁၆) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၇၀)ဦးနှင့် လေ့လာသူ(၆)ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား ပို့ချခဲ့ပါသည်။
(၁၂-၁၁-၂၀၁၆)ရက်နေ့တွင် ဖားကန့်မြို့၊ မမုံကျေးရွာ ဓမ္မာရုံတွင် သင်တန်းသားများနှင့်အတူ သဘာဝဘေးအသိပညာပေးဟောပြောပွဲ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရပ်ရွာပြည်သူလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့နောက် လုံးခင်းကျေးရွာတွင် ဖွဲ့စည်းထားသော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(၁၂၀)ဦးနှင့် တွေ့ဆုံ၍ အားပေးခြင်းနှင့် လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။