Category Archives: News
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးတွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၂၁)စုစာနှင့် ဆန်ရိက္ခာ (၃) ရက်စာတန်ဖိုးငွေကျပ် (၉၄၅ဝဝ)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅ဝဝဝဝဝ) တို့ကို (၂၈-၁၁-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သက်ငယ်မုဒိမ်းမှုဖြေရှင်းဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၂၈ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂) နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃၊ နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်းခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် လတ်တလောဖြစ်ပွားနေသောသက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ကျူးလွန်ခံရသောကလေးသူငယ်များအတွက် ကျန်းမာရေး၊စိတ်ပိုင်း၊ရုပ်ပိုင်းစောင့်ရှောက်မှုနှင့် ဥပဒေကြောင်းအရကူညီပံ့ပိုးရေးတို့ကိုထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေးဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊နေပြည်တော်ကောင်စီဝင်၊အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာရှိကြီးများတက်ရောက်ခဲ့ကြပြီးညှိနှိုင်းအစည်းအဝေးတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်များ၊ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြခြင်း၊ သက်ငယ်မုဒိမ်းမှုနှင့် … Read more
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၆-၁၁-၂၀၁၆)ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တက်ရောက်အင်အား (၂၅၀)ဦးရှိကြောင်း သတင်းရရှိပါသည်။
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
Source – DMH ၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:ဝ၀)နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် (က) ယနေ့မြန်မာစံတော်ချိန်(၁၄:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေအေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေနွေး များ စုဆုံမှုကြောင့် ယနေ့မွန်းလွဲမှ နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ … Read more
-
“သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၂၅-၁၁-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ “သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဟောြေပာပို့ချခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာအုပ်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦး၊ စုစုပေါင်း (၃၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် တောင်ကြီးမြို့၊ အထက (၈)မှ ကျောင်းသူ/သားများအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေနစ်သေဆုံးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် (၁၀-၁၁-၂၀၁၆)ရက်နေ့ ကဖြစ်ပွားခဲ့သော ရေနစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေကျပ်(၁၀၀,၀၀၀)အား သေဆုံးသူ၏ဇနီးထံသို့ (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးအဖွဲ့နှင့် ကယ်ဆယ်ရေးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေးမှူးတို့သည် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာ (၁၀)ရွာအတွင်းရှိ အိမ်ထောင်စု (၅၂၄)စု အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆာ၊ ငါးခြောက်တို့အား (၂၆-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုအစီအမံများ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံအတွင်းရှိ ဘေးအန္တရာယ်ဖြစ်စဉ်၊ ဘေးအန္တရာယ်ပုံစံနှင့် ထိခိုက်ခံစားလွယ်မှုကို လေ့လာဆန်းစစ်ရန်၊ ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်အပေါ်အခြေခံ၍ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ သတ်မှတ်နိုင်ရန်၊ အရေးပေါ်တုံ့ပြန်မှုဆောင်ရွက်ရာတွင် လက်ရှိအသင့်ပြင်ဆင်ထားမှုများအား ရှင်းလင်းဆွေးနွေးနိုင်ရန်၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများအား မည်သို့ပံ့ပိုးပေးမည်ကို ဆွေးနွေးနိုင်ရန်၊ အရေးပေါ်အခြေအနေတွင် အစိုးရ၊ WFP အပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် မည်ကဲ့သို့ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးမှုများပြုလုပ်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား (၂၈-၁၁-၂၀၁၆)ရက်နေ့ (၀၉၀၀)အချိန်မှ (၁၇၀၀)အချိန်ထိ Royal … Read more
-
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူတောအလယ်ကျေးရွာ၊ အချင်းပြစ်မြောက်ကျေးရွာနှင့် ဆင်ပွတ်ကျေးရွာများတွင် (၁၆-၁၁-၁၆)ရက်နေ့မှ (၁၇-၁၁-၁၆) ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၃၉)စု၊ လူဦးရေ (၁၆၈)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၇၈၀,၀၀၀) နှင့် ဆန်ဖိုးငွေကျပ် (၁၅၁,၂၀၀)၊ စုစုပေါင်း (၉၃၁,၂၀၀)အား (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









