Source – DMH
၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:ဝ၀)နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်
(က) ယနေ့မြန်မာစံတော်ချိန်(၁၄:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေအေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေနွေး များ စုဆုံမှုကြောင့် ယနေ့မွန်းလွဲမှ နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။