Category Archives: News
-
စစ်မှန်ပြီး လက်တွေ့ကျသော မူဝါဒဖြစ်ရေး လူငယ်များကိုယ်တိုင် ဒေသအလိုက် ရေတိုရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ရေးဆွဲမှုသတင်း
မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သောဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ် လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်း သည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အားများစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော လူမှုကာကွယ် … Read more
-
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦးမှ (၂၅-၁၁-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်း အင်အား (၃၈) ဦးတို့အား (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံအသုံးပြုနည်းဆင့်ပွားသင်တန်းကျင်းပမှုသတင်း
(၁၆-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနှင့် အသုံးပြုနည်းဆင့် ပွားသင်တန်းအားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ကြက်ခြေနီအသင်း၊ သဘာဝဘေးကွန်ယက်၊ လူမှုအဖွဲ့အစည်းနှင့် ဦးစီးဌာနမှဝန်ထမ်းများ၊စုစုပေါင်း (၁၉) ဦးဖြင့် ကျင်းပဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရပ်ရွာအခြေပြု ပြီးပြည့်စုံသော ကြိုတင်သတိပေးစနစ်များ ထပ်ဆင့်ဖြန့်စေခြင်းဆိုင်ရာ သင်တန်းကျင်းပပြုလုပ်မှုသတင်း
(၂၀-၁၂-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် (ADPC) အဖွဲ့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု ပြီးပြည့်စုံသော ကြိုတင်သတိပေးစနစ်များ ထပ်ဆင့်ဖြန့်စေခြင်းဆိုင်ရာ သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ဌာနဆိုင်ရာ သင်တန်းသား (၂၄) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂) ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
မြေငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အစီမံများရေးဆွဲရေးအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် Action Aid Myanmar တို့ပူးပေါင်း၍ မြေငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့့် တုံ့ပြန်နိုင်ရေးအစီမံများရေးဆွဲရေး အစည်းအဝေးအား(၁၉-၁၂-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် RCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀-၁၂-၂၀၁၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မော်လိုက်မြို့ အ.ထ.က ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး
-
DAN Application နှင့် သဘာဝဘေးဖြစ်ပွားမှုသတင်း အချက် အလက် များပေးပို့ခြင်းအတွက် KOBO Collect Application များ၏ အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀-၁၂-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် အောင်သရဖူဟိုတယ်ခန်းမ၌ မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းအရင်းမြစ်ဌာန The Leprosy Mission Myanmar (TLMM) နှင့် ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများမှ ကိုယ်စားလှယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် … Read more
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာ၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာရှိ ပြည်သူများ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၀-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများမှ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၂၂၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပန်းဘဲ(မ)ကျေးရွာ၌ (၁၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀)၊ ဆန်ရိက္ခာဖိုး (၂၇၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၅၂၇၀၀) နှင့် ကဆရပစ္စည်း (၉) မျိုးနှင့် ပလပ်စတစ်ပုံး(၁)ပုံးတို့အား (၁၅-၁၂-၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမျိုးမင်းဌေး (ဒုဦးစီးမှူး) ထံသို့ ထုတ်ပေးထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်ဆောကျေးရွာမှ ကျောက်မဲမြို့ကမ္ဘောဇရှမ်းကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၅၁) စုမှ လူဦးရေ (၁၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅၁) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၄၁၃၀၀/-) ကျပ်တိတိကို ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)









