Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှော်ဘီမြို့နယ် တိုးချဲ့ (၂) ရပ်ကွက်တွင် (၁-၁-၂၀၁၇) ရက်နေ့ နံနက် (၀၃:၁၅) အချိန်၌ မီးပူတိုက်ပြီး မီးပလပ်မဖြုတ်ပဲထားမိပြီး ဝါယာလျှော့မှ တစ်ဆင့် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအနက် အသက် (၇၆) နှစ်ရှိ အဖွား (၁)ဦး ၊ အသက် (၃၇) နှစ်ရှိ အမျိုးသား (၁) ဦးတို့မှာ မီးခိုးသင့်ပြီး သေဆုံးခဲ့၍ … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ရဟန်းသံဃာများနှင့် ကိုရင်များအတွက် ထောက်ပံ့အလှူငွေများ ဆက်ကပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းသို့ရောက်ရှိနေသော တိုက်ပွဲရှောင်ရဟန်း (၅) ပါးအတွက် ရဟန်း (၁) ပါးလျှင် (၁၆၀၀၀) ကျပ်နှုန်းဖြင့် (၈၀၀၀၀) ကျပ်နှင့် ကိုရင် (၁၅) ပါးအတွက် ကိုရင် (၁) ပါးလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၁၂၀၀၀၀) ကျပ်တို့ကို (၂-၁-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ဆေးရုံတွင် တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရ၍ ဆေးကုသမှုခံယူနေသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ဆေးရုံတွင် တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရ၍ ဆေးကုသမှုခံယူနေသော မောင်ကွမ်းငင်း အတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်တိတိကို ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၂-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းအုပ်စု နန်းတော်ကျွန်းကျေးရွာတွင် (၂၉.၁၂.၂၀၁၆) နေ့၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ (၃၃၂) ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၃၀-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုးငွေ (၇) သိန်း၊ ဆန်ရိက္ခာဘိုးငွေ (၁၇၁၀၀) ကျပ်၊ family kit (၇) ထုပ် ၊ ပလပ်စတစ်ရေပုံး (၁၄) ပုံးတို့ကို မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းနှင့်အတူ မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) ရက်နေ့တွင်ပင် သွားရောက်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်ရှိ မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ဘလေးကျေးရွာ အုပ်စု၊ ကေလုံကျေးရွာသို့ ကွင်းဆင်းကြည့်ရှုပြီး အိမ်ခြေ (၅၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ပလက်စတစ်ပုံးများ၊ ပြောင်းရွှေ့စရိတ် (၁) အိမ်လျှင် (၂၀၀၀၀) နှုန်းဖြင့် (၁၀၂၀၀၀၀) ကျပ်၊ လူဦးရေ စုစုပေါင်း (၃၀၀) ဦးအတွက် ဆန်ရိက္ခာ(၁၀) ရက်စာ တန်ဖိုးငွေကျပ် (၉၀၀၀၀၀)၊ အားလုံးစုစုပေါင်းငွေကျပ် (၁၉၂၀၀၀၀) … Read more
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နောက်ဆက်တွဲထောက်ပံ့မှု သတင်း
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) (၂၇-၁၂-၂၀၁၆) ရက်နေ့ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်း၊ ညောင်မောင်းကျေးရွာသို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂ဝ) စုမှ လူဦးရေ (၇၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုးနှင့် ဆန် (၃) ရက် စာ (၇၁၁ဝဝ/-) ကျပ်အား (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နောက်ဆက်တွဲထောက်ပံ့မှု သတင်း
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) (၂၇-၁၂-၂၀၁၆) ရက်နေ့ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်စစ်လင်းကျောင်း၊ ညောင်မောင်းကျေးရွာသို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၅၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂၄) စုစာနှင့် ဆန် (၃) ရက်စာ (၄၆၈ဝဝ/-) ကျပ်အား (၂၈ -၁၂-၂၀၁၆) ရက်ညပိုင်းတွင် ထုတ်ပေးထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါ သည်။
-
DAN Mobile Application & KOBO Mobile Application အားပြန်လည်ဖြန့်ဝေပေးမှုသတင်း
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၇) ရက်နေ့ (၁၁:၂၀) နာရီအချိန်တွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး DAN Mobile Application နှင့် သဘာဝဘေးဖြစ်ပွားလျှင် စစ်တမ်းကောက်ယူမှု KOBO MobileApplication များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ Mobile Phone ထဲတွင် ထည့်ပေး၍ အသုံးပြုပုံးများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားအား လူဦးရေ (၇၀) ခန့် တက်ရောက်ခဲ့ကြောင်း … Read more
-
ပျဉ်းမနားဘိုးဘွားရိပ်သာတွင် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ (၁) လူ့ဘဝတစ်လျှောက်လုံးအတွက် မွေးစမှသည် သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် သက်ကြီးရွယ်အိုများအတွက်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပေါ်ထွက်လာမည်ဖြစ်ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေကိုလည်း ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာ (၈၁) ခုကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု၍ ငွေကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်ခြင်းနည်းပညာများကို ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးစံပြဂေဟာတစ်ခုကိုလည်း … Read more









