Category Archives: News
-
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့် စနစ်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်း၊ DAN နှင့် KOBO Application အသုံးပြုပုံနည်းလမ်းများဖြန့်ဝေခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတတ္တာခရိုင်ဦးစီမှူးရုံးနှင့် UN- Habitat တို့ပူးပေါင်၍ (၁၂-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၌ ကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း၌ သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ကြိုတင်သတိပေးစနစ်များ၊ အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Application အသုံးပြုပုံနှင့် KOBO Application အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား သဘာဝဘေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ DAN Application နှင့် … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာနှင့် တာပလပ်ကျေးရွာတို့တွင် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၉၉) စုအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၄၂၀၀) ကျပ်တို့အား (၁၂-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ မောတောင်ဒေသအမှတ် (၉) ကျေးရွာတွင် ရေမျောပါ အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) နှင့် ရေနစ်မြုပ်အိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၅၀၀၀) ၊ စုစုပေါင်း (၃၀၅၀၀၀) တို့အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာထိခိုက်နိုင်ခြေအား နားလည်နိုင်မှုစွမ်းရည်နှင့် ဘေးဖြစ်နိုင်ခြေများ ကနဦးလေ့လာဆန်းစစ်ခြင်းသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် DAN Application အသုံးပြုပုံများ ရှင်းလင်းဆွေးနွေးမှုသတင်း
(၁၂-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid အဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်ရေးအတွက် ဘေးဖြစ်နိုင်ခြေရှိသည့်ကမ်းရိုးတန်းဒေသရှိ စေတနာ့ဝန်ထမ်းလူငယ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာထိခိုက်နိုင်ခြေအား နားလည်နိုင်မှုစွမ်းရည်နှင့် ဘေးဖြစ်နိုင်ခြေများ ကနဦးလေ့လာဆန်းစစ်ခြင်းသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် DAN Application အသုံးပြုပုံအား ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“လူမှုဝန်ထမ်းဥပဒေ” ထွက်ပေါ်လာရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာဥပဒေ (မူကြမ်း) (Social Work Bill) ရေးဆွဲရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးအား (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ် … Read more
-
တပ်ကုန်းမြို့နယ်နှင့်ဇေယျာသီရိမြို့နယ်များရှိ ဖုန်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့် စနစ်များပါဝင်သည့် DAN Mobile Application အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application အား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၂-၁-၂၀၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN … Read more
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဘေးဒုက္ခခံစားခဲ့ရသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထွဋ်ဦးစီးလျက် ရခိုင်ပြည်နယ်ဦးစီးမှူးနှင့်ရုံးအဖွဲ့သည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘေးဒုက္ခခံစားခဲ့ရသော ပြည်သူများအတွက် ဆန်နှင့်ပဲအား ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာရှိ အိမ်ထောင်စု (၁၅) စုအတွက် ဆိုလာပြား (၁၅) ခုအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application တို့ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးမှုသတင်း
DAN Mobile Application နှင့် KOBO Mobile Application အား အသုံးပြုပုံ/ အသုံးပြုနည်း ရှင်းလင်းပြောကြားမှုသတင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနခန်းမ၌ ပြန်/ဆက်ဝန်ထမ်းများ၊ CSO၊ NGO၊ အဖွဲ့အစည်းများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေ ဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ် … Read more









