Category Archives: News
-
DAN Mobile Application များဖြန့်ဝေခြင်းနှင့် DAN Mobile Application နှင့်ပတ်သက်သည့် စတေကာများကပ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ Mobile ဖုန်းအရောင်း ဆိုင်များတွင် DAN Mobile Application များဖြန့်ဝေခြင်းနှင့် DAN Mobile Application နှင့်ပတ်သက်သည့် စတေကာကပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Olivier Richard နှင့် UNICEF မှ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel တို့ကိုလက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် … Read more
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန နှင့်ပူးပေါင်း၍ (၉-၂-၂၀၁၇ )ရက်နေ့ တွင် အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၁၀)ဦး၊ ဆရာ/ဆရာမ (၃၈) ဦးနှင့် ဌာနဆိုင်ရာ (၂)ဦး၊ စုစုပေါင်း (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
-
မလေးရှားနိုင်ငံအစိုးရကရခိုင်ပြည်နယ်အတွက်ပေးအပ်သောလူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများလွှဲပြောင်းလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း
အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအစိုးရ၏စီစဉ်ဆောင်ရွက်မှုဖြင့်မလေးရှား နိုင်ငံရှိအစိုးရမဟုတ်သောအဖွဲ့အစည်းများ ညွှန့်ပေါင်းအဖွဲ့မှ ရခိုင်ပြည်နယ်အတွက် ပေးအပ်သော လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းများတင်ဆောင်လာသောNautical Aliyaသင်္ဘောသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်၀ါရီလ(၉)ရက်နေ့၊ မွန်းလွဲ ၃နာရီတွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး ပစ္စည်းများလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကိုအဆိုပါဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာမလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Dato Seri Reezal Merican Naina Merican ကလှူဒါန်းရသောအကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူတင်စကားပြောကြားခဲ့ပါသည်။ ထောက်ပံ့ပစ္စည်းများမှာဆန်(၃၀၀)တန်၊ … Read more
-
ကချင်ပြည်နယ်၊ဝိုုင်းမော်မြို့နယ်ရှိ မုတ်လွဲကျေးရွာအုပ်စုတွင် ထပ်မံရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စုများ ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ဝိုုင်းမော်မြို့နယ်ရှိ မုတ်လွဲကျေးရွာအုပ်စုတွင် ထပ်မံရောက်ရှိလာသောတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ (၈၆) ဦးတို့အတွက် (၈-၂-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူကြီးဝတ်အနွေထည်များနှင့် ဆန် (၃၀) အိတ်၊သွပ် (၁၅၀) ချပ၊် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုး (၇၇၄၀၀ိ/-) (ကဆရ) ပစ္စည်း (၉) မျိုး (၁၅)ပုံး၊ UNFPA မှအမျိုးသမီးသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး Dr သင်းလွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ UN, INGOs အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည် Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြောက်ဦးမြို့နယ်၊ ကုတိုးကျေးရွာအုပ်စု၊ ကုတိုးကျေးရွာရှိ အ.မ.က (မူလွန်) ကျောင်း၌ (၉-၂-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုမှုအားရှင်းလင်းခြင်းပြုလုပ်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား(၆၀)ဦး၊ ကျောင်းသား/သူ(၇၀)ဦး တက်ရောက်ခဲ့ကြပြီး ဘေး(၈)မျိုးပါလက်ကမ်းစာစောင် (၁၀၀)နှင့် နံရံကပ် ပိုစတာများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပို့ချခြင်း
(၇-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကိုဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ရာ လူဦးရေစုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက်၌ (၇-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၉)ဦး မီးဘေးသင့်ခဲ့ ပါသည်။ အဆိုပါမီးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်း (၇၈၁၉၀၀) ကျပ်တို့ကို (၈-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှု၊ DAN Mobile Application များ အသုံးပြုပုံနှင့် Sticker များဖြန့်ဝေမှုသတင်း( ၈ – ၂ – ၂၀၁၇ )
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၈ – ၂ – ၂၀၁၇ )ရက်နေ့တွင် မိုင်းခတ်မြို့နှင့်မိုင်းယန်းမြို့များတွင် သဘာဝဘေးအသိပညာပေးဟော ပြောပွဲများ ပြုလုပ်ပြီး DAN Mobile Application များဖြန့်ဝေခြင်း၊ powerpoint hangout ဖြန့်ဝေခြင်း၊ အသိပညာပေးစာအုပ်များ display ပြသခြင်း၊ နံရံကပ်ပိုစတာကပ်ပေးခြင်း DM LAW များဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ စုစုပေါင်း ( ၁၁၀ ) ဦးခန့်တက်ရောက်ခဲ့ကြောင်း … Read more
-
ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကြွက်ကျွန်းကျေးရွာ အထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပို့ချခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ (၈-၂-၂၀၁၇) ရက်နေ့ ဟင်္သာတမြို့နယ် ခြင်ဘို့အုပ်စု ကြွက်ကျွန်းကျေးရွာ အထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်ရန် ဆောင်ရန်များအား ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား/သူဦးရေ (၃၂၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









