Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ထိန်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ ဖြစ်ပွားသော မီဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၅) အိမ်၊ အိမ်ထောင်စု (၁၂) စုမှ ကျား (၂၃) ဦး၊ မ (၃၃) ဦး၊ စုစုပေါင်း (၅၆) ဦး မီးဘေးဒုက္ခခံစားခဲ့ရပြီး အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၂) အိမ်ထောင်စာနှင့် Family Kit (၁၂) အိမ်ထောင်စုစာတို့အား ချက်ချင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ဆောက် … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုစစ်ရှောင်စခန်းနှင့် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၃-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုစစ်ရှောင်စခန်းရှိတိုက်ပွဲ ရှောင်အိမ်ထောင်စုစုပေါင်း (၁၀၂) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆန် (၆) ပြည် နှုန်းဖြင့် စုစုပေါင်းဆန် (၂၆) အိတ်၊ ထောက်ပံ့ပေးခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေသိန်း (၅၀) ဖြင့် ဆောင်ရွက်လျက်ရှိသော ပယင်းသွေးခြင်းလုပ်ငန်း ကိုအားပေးကြည့်ရှု့ခဲ့ပါသည်။ ယင်းနောက် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင် စုစုပေါင်း … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၇) ဖွင့်ပွဲအခမ်းအနား
ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၄-၂-၂၀၁၇) ရက်နေ့ ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၇) အား ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် တောင်ဥက္ကလာ ပမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်တွင် (၁၀-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့် အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၁၀၀) နှင့် Family Kit (၂) ပုံးတို့အား (၁၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းလက်သမားကျေးရွာတွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၁၃,၅၀၀)၊ စုစုပေါင်း (၁၁၃,၅၀၀) ကျပ်အား (၁၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၁၃-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများ တွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်း များနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message … Read more
-
မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ရွှေထွန်းဖြူကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) အချိန်မှ ((၁၅:ဝ၀) နာရီအချိန်ထိ မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ရွှေထွန်းဖြူကျေးရွာ၊ အ.မ.က ရွှေဖြူကျွန်းစာသင်ကျောင်း၌ ကျေးရွာသူ/သား (၅၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၆၄) ဦး၊ စုစုပေါင်း (၁၁၉) တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ DAN Mobile Application အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အအေးဘူးများဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနမှလည်း မီဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း” ဖွင့်လှစ်မှုသတင်း
(၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း” ကို သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









