ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၅) အိမ်၊ အိမ်ထောင်စု (၁၂) စုမှ ကျား (၂၃) ဦး၊ မ (၃၃) ဦး၊ စုစုပေါင်း (၅၆) ဦး မီးဘေးဒုက္ခခံစားခဲ့ရပြီး အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၂) အိမ်ထောင်စာနှင့် Family Kit (၁၂) အိမ်ထောင်စုစာတို့အား ချက်ချင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာတို့အား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)